Tuesday, October 13, 2015

Firmware တင်ခြင်း


အရင်ဆုံး flashtool ကို run လိုက်ပါ( ကျွန်တော်ဒီမှာ Ubuntu ပေါ်မှာrun ထားပါတယ်။window မှာဆို start menu ကနေ run ပါ။)

အခုနောက်ထွက်တဲ့ flashtool ဗားရှင်းက ဖွင့်ဖွင့်ခြင်း အွန်လိုင်းနဲ့ sync လုပ်ပါတယ်။ခဏစောင့်ပါ။
ဖုန်းကို firmware တင်ဖို့ ဘယ်ဘက်အပေါ်ထောင့်က Flash Logo လေးကိုနှိပ်ပါ။
Flash mode ကိုရွေးပါ။

ကိုယ့်ဖုန်းရဲ့ firmware ကို ရွေးပါ။(ကျွန်တော်ဒီမှာတော့ Z c6602 နဲ့ပြထားတယ် . firmwareကို flashtool\firmware folder ထဲထည့်ထားရမှာပါ)
နောက်ပြီး Final verification ကိုအမှန်ခြစ်ပါ။( တစ်ခါတုန်းက အဲ့အမှန်ခြစ်ဖို့ မေ့သွားတာ ၅ နာရီလောက်ကြာသွားတယ်)

Flash နှိပ်ပါ။
အဲ့နောက်မှာတော့ Flashtool က firmware တင်ဖို့ ပြင်ဆင်ပါလိမ့်မယ်။သူပြင်ဆင်လို့ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ချိတ်ပါဆိုပြီးပြပါလိမ့်မယ်။
ဆိုနီ နောက်ထွက်တဲ့ဖုန်းတွေမှာ vol down ခလုပ်က Flash mode ဝင်ဖို့အတွက်ဖြစ်ပြီး vol up ခလုပ်က fastboot mode ဝင်ဖို့အတွက်ဖြစ်ပါတယ်။flash mode က firmware တင်ရာမှာသုံးပြီးတော့ fastbooot mode ကတော့ unlock bootloader လုပ်ဖို့နဲ့ kernel ပြောင်းဖို့အတွက်သုံးပါတယ်။
ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဖို့က firmware တင်မှာဖြစ်တဲ့အတွက် vol down ကို ဖိထား နှိပ်ထားပြီး ကွန်ပျူတာနဲ့ချိတ်ရပါမယ်။(အကောင်းဆုံးက usb ကြိုးချိတ်ရာမှာ ဖုန်းဘက်ကခေါင်းကို အရင်တပ် vol down ဖိပြီး ကွန်ပျူတာဘက်က ခေါင်းကို တပ်တာ အဆင်အပြေဆုံးပါ။)
ကွန်ပျူတာမှာ ကိုယ့်ဖုန်းနဲ့သက်ဆိုင်တဲ့ flash mode driver တွေတော့ flash tool တင်ကတည်းကတင်ထားရမှာပါ။တကယ်လို့ driver မရှိသေးဘူးဆိုရင်တော့ C:\Flashtool\Driver ဆိုတဲ့ folder ထဲမှာ ရှိတဲ့ driver set up ကို run ပေးပြီး ကိုယ်လိုချင်တဲ့ ဖုန်းမော်ဒယ်လ် ရဲ့ driver ကို တင်ပေးလိုက်ပါ။

အဲ့နောက်မှာတော့ flashtool က firmware flashing ကို လုပ်ဆောင်မှာဖြစ်ပြီးတော့ အောက်က prograss bar လေးပြည့်သွားပြီး log မှာ device connected in flash mode ဆိုတဲ့ စာလေးပေါ်လာရင် firmware တင်တာပြီးဆုံးသွားပါပြီ။