Thursday, February 11, 2016

System Language ကို မြန်မာပြောင်းနည်း (No Root)

Group တော်တော်များများမှာ လာလာမေးနေတာရော၊ တစ်ယောက်ချင်းဆီကို ပြောမနေနိုင်တာရယ်ရောကြောင့် post ရေးဖြစ်သွားတာပါ။
ဖုန်းတစ်ချို့က Setting>Language and input ထဲမှာ Myanmar language ပါပေမယ့် Sony တွေမှာတော့ မပါပါဘူး။အဲ့တော့ မပါတော့လည်း ပါအောင်လုပ်ရတာပေါ့။
ဘာတွေလိုလဲဆိုတော့

  1. Adb and fastboot ( Click to Download )
  2. မိမိဖုန်းအတွက် adb driver ( Click to Download )
  3. morelocale2 ( Get it from Google Play Store )
အရင်ဆုံး ဖုန်းရဲ့ Setting>Developer Option မှာ USB Debugging ကို အမှန်ခြစ်ပေးထားရပါမယ်။
ဖုန်းနဲ့ကွန်ပြူတာ မချိတ်ခင် မိမိ Sony ဖုန်းရဲ့  adb driver ကို install လုပ်ပေးပါ။
Minimal ADB and fastboot ကို install လုပ်ပေးပါ။

Morelocale2 app ကို ဖွင့်ပါ။အပေါ်ညာဘက်ထောင့်က custom locale ကို နှိပ်ပါ။

ပထမအကွက် Language မှာ Burmese ကိုရွေးပြီး ဒုတိယအကွက် Country မှာ Myanmar ကိုရွေးပြီး SET ကိုနှိပ်ပါ။

အဲ့မှာ ShowHow to use PM command ကိုရွေးပေးလိုက်ပါ။


ဖုန်းနဲ့ကွန်ပြူတာနဲ့ ချိတ်ပါ။
Desktop ပေါ်က Minimal ADB and fastboot ကို ဖွင့်ပါ။
ပြီးရင် အောက်က command ကို ရိုက်ပါ။ ( copy , paste လုပ်လည်းရတယ် )

adb shell pm grant jp.co.c_lis.ccl.morelocale android.permission.CHANGE_CONFIGURATION

ခုဆိုရင် ဖုန်းရဲ့ language က မြန်မာ ဖြစ်သွားပါပြီ။