Saturday, December 20, 2014

Network Unlocking Sony Ericsson Live with Walkman(WT19i)

Network unlock လုပ်တယ်ဆိုတာ carrier unlock လုပ်တာပါပဲ။သဘောကတော့ဒီလိုဗျာ။ကျွန်တော် အခုလုပ်မယ့်ဖုန်းက ပြင်သစ် Orange ကဝယ်လာတာ။အဲ့တော့သူ့ရဲ့ orange sim card မဟုတ်ပဲ တခြား sim card ထည့်ရင် ဖုန်းပြောလို့မရတော့ဘူး။Unlock code တောင်းတော့တာပဲ။



အဲ့တော့ sim unlock လုပ်မှ ဘယ် sim card မဆိုထည့်ပြီးသုံးလို့ရမယ်။
အဲ့တော့ ကိုယ်ဝယ်မယ့်ဖုန်းက network lock ဟုတ်မဟုတ်ဘယ်လိုကြည့်မလဲ?
phone keypad က *#*#7378423#*#* နှိပ်ပြီး service info ကနေ sim lock ကိုဝင်ကြည့်ပါ။
တကယ်လို့ network lock ဖြစ်နေတယ်ဆိုရင် အပေါ်ဆုံးက network ရဲ့ဘေးမှာ ကြက်ခြေခက်လေးဖြစ်နေပါလိမ့်မယ်။


အရင်ဆုံး www.wotanserver.com ကိုသွားပြီး account တစ်ခုဖွင့်ပါ။
အဓိက အရေးကြီးတာက wotanserver မှာ Euro 9.99 သွင်းပေးရပါ့မယ်။Paypal နဲ့သွင်းရမှာပါ။
ကျွန်တော်က wt19i နဲ့ပဲလုပ်ပြသွားပါမယ်။
မှုရင်းလင့်ခ်က ဒီမှာပါ။
http://www.wotanserver.com/en/sony-ericsson/se/live-with-walkman-wt19/unlock-tool/debranding-flash

ဒါကတော့ကျွန်တော် payment သွင်းထားတာပါ။

X Unlock tool ကို download ဆွဲပြီး install လုပ်ပါ ။ Click here
X unlock ကိုဖွင့်ပါ။
 ဖုန်းအမျိုးအစားရွေးပါ။

မိမိရဲ့ user name နဲ့ password ရိုက်ပြီး log in ဝင်ပါ။သူက payment ကို check လုပ်ပါလိမ့်မယ်။


အခု ဖုန်းနဲ့ computer နဲ့ချိတ်ခိုင်းပါလိမ့်မယ်။ဒီလိုချိတ်တာက အရေးကြီးပါတယ်။ဒီအတိုင်း usb ကြိုးထိုးလို့မရပါဘူး။test point နဲ့ချိတ်ပြီးမှ usb ထိုးရမှာပါ။အောက်က အဆင့်တွေကိုသေချာကြည့်ပါ။

step 1 ဖုန်းကိုပါဝါပိတ်ပါ။


step 2 ဖုန်း back cover ဖြုတ်၊ battery ဖြုတ် ပါ။

step 3 phone battery အောက်က sticker ကို dryer နဲ့ အပူပေးပါ။တအားပူနေအောင်ပေးစရာမလိုပါဘူး။နည်းနည်းလေးပါပဲ။

step 4 sticker ကို သေချာခွာပါ။




အခုဆိုရင် circuit ကို မြင်ရပါပြီ။
အဲ့ဒီမှာ Connect to GND နဲ့ GND  ဆိုပြီး ပြထားတဲ့ အမှတ် ၂ ကို ရှိတယ်။အဲ့ အမှတ် ၂ ခုကို ပင်နဲ့ထောက်ထားတဲ့  အချိန်မှာ တစ်ပြိုင်နက် Usb ချိတ်ရမှာပါ။
ပုံကိုကြည့်ပါ။

အဲ့လိုချိတ်လိုက်ရင် ကွန်ပျူတာက driver အသစ်ကို တွေ့တယ်လို့ပြပါလိမ့်မယ်။
 အခုဆိုရင် test point ကို ထောက်ထားတဲ့ pin ကို လွတ်လိုက်လို့ရပါပြီ။




အခုလို ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ဖုန်းက network unlock ဖြစ်သွားပါပြီ။
ဘယ်နိူင်ငံက sim card မဆိုထည့်ပြီး သုံးလို့ရပါပြီ။

No comments:

Post a Comment