Tuesday, January 12, 2016

Xperiafirm ကို Ubuntu တွင် ထည့်သွင်းအသုံးပြုခြင်း

အရင်ဆုံး window program ကို ubuntu မှာ အသုံးပြုနိုင်ဖို့ mono runtime ကို အရင်ထည့်ရပါမယ်။
ctrl+alt+t ကို နှိပ်ပြီး terminal ကိုခေါ်လိုက်ပြီး ဒီ command ကိုရိုက်ပြီး mono ကို ထည့်လိုက်ပါ။

sudo apt-get install mono-complete

Do you want to continue ဆိုရင် Y ကိုနှိပ်ပြီး enter ခေါက်လိုက်ပါ။





လိုအပ်တဲ့ packages တွေ download လုပ်ပါလိမ့်မယ်။

Package တွေ ထည့်ပြီးသွားပြီဆိုရင် အခု ပေးထားတဲ့ command တွေကို တစ်ကြောင်းချင်းဆီရိုက်ရပါမယ်။ (command တစ်ကြောင်းရိုက် enter တစ်ချက်ခေါက်)

sudo mozroots --import --machine --sync
 


 
Result က ဒီလိုပြပါလိမ့်မယ်။




နောက်တစ်ကြောင်းက
sudo certmgr --ssl -m https://software.sonymobile.com


Import this certificate into the CA store ? လို့ မေးလာခဲ့ရင် y ကို နှိပ်ပြီး enter ခေါက်လိုက်ပါ။( သူက ၂ ခါမေးလိမ့်မယ်ဗျ။ ၂ ခါလုံး y နှိပ်ပြီး enter ခေါက်လိုက်)



ဒါဆိုရင်တော့ mono ကနေ xperiafirm ကို run လို့ ရပါပြီ။

$ mono XperiaFirm.exe
ဆိုပြီး သုံးလို့ရပါပြီ။







No comments:

Post a Comment